
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် လပွတ္တာမြို့နယ် ကြာကန် အ.ထ.က စာစစ်ဌာနရှိ တာဝန်ကျဆရာ/ ဆရာမများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ် ကြာကန် အ.ထ.က စာစစ်ဌာနတွင် Grade 12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်သူများ၏ လုံခြုံရေးတာဝန်အား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကြီးကြပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် အခြားဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ကြာကန် အ.ထ.က စာစစ်ဌာနတွင် (၁၇.၃.၂၀၂၅) မှ (၂၂.၃.၂၀၂၅)အထိ၊ နံနက်(၀၉:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအချိန်အတွင်းဖြေဆိုနေသည့် Grade 12 ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကိုသွားရောက်၍ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)