
ပူပြင်းသောနွေရာသီနှင့် လိုက်ဖက်သည့် အေးမြ၍ချိုမြိန်သော သရေစာစားစရာများကို လူတိုင်း နှစ်သက်ကြပါသည်။ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မန်ကျည်းဖျော်ရည်၊ သံပရာရည်နှင့် အခြားဖျော်ရည် များသည် ပူပြင်းလှသောနွေရာသီနှင့်လိုက်ဖက်သော စားစရာသောက်စရာများ ဖြစ်ပါသည်။
ရွှေရင်အေးပြုလုပ်ရာတွင် PEP နို့စိမ်းတစ်ဘူး၊ ကျိုထားပြီးသား သာကူ၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ အုန်းနို့ကျောက်ကျော၊ သကြား၊ ရေခဲနှင့် ဆားအနည်းငယ်စီလိုအပ်ပါသည်။ မုန့်လက်ဆောင်းပြုလုပ်ရာတွင် ပြုလုပ်ပြီးသားမုန့်လက်ဆောင်းဖက်၊ အုန်းနို့၊ သကြား(သို့)ထန်းလျက်၊ ရေခဲနှင့် ဆားအနည်းငယ်စီလိုအပ်ပါသည်။
ရွှေရင်အေး တစ်ပွဲလျှင် ၂၀၀၀ ကျပ်နှင့် မုန့်လက်ဆောင်း တစ်ပွဲလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိပြီး တစ်ရက်လျှင် ရွှေရင်အေးနှင့်မုန့်လက်ဆောင်း ပွဲ ၇၀ ခန့်ရောင်းချရပါသည်။ ပူပြင်းသည့်နွေ ရာသီအတွက် အပူဒဏ်ကိုအနည်းငယ်ပြေလျော့စေနိုင်သောကြောင့် ရောင်းကောင်းကြောင်း ရွှေရင် အေးနှင့် မုန့်လက်ဆောင်းရောင်းချသူ မအေးအေးဝါ၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)