Main menu

ပြည်မြို့ပေါ်ဈေးများရှိ ပင်စိမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

          မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျှောက်ပေါက်ရောက်ပြီး အလွယ်တကူရှာဖွေ တွေ့ရှိနိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးကို ပြောပါဆိုလျှင် ပင်စိမ်းကို ပြောရမည်ဖြစ်ပါသည်။ ပင်စိမ်းပင်သည်စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက် နိုင်သည်။ တစ်ကြိမ်စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်းမာရေးအတွက်စားသုံးကြသည်။ ပင်စိမ်းပင် များမှန်သမျှအနံ့ပြင်းသည်။ အရွက်သည်ရွက်ဆိုင်ထွက်၍အပွင့်သည် စင်္ကြာပုံရှိသည်။ ပင်စိမ်းပင်ကို စိုက်ပျိုးမြေမရှိသော မြို့ပြတိုက်ခန်းနေသူများပင် ပန်းအိုး၊ သေတ္တာခွံများဖြင့်စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းဖြူ(ဟင်းစားပင်စိမ်း)၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးတို့ ပေါက်ရောက်ကြသည်။ ပင်စိမ်းပင်သည် အပူပိုင်းဒေသတွင် ပိုမို၍စိုက်ပျိုးဖြစ်ထွန်းသော ဆေးဘက် ဝင်ဆေးပင်ဖြစ်သည်။ ပင်စိမ်းပင်သည် ဓာတ်မြေဩဇာလည်းထူးကဲ ကျွေးရန်မလို၊ အပင်ပြုစုမှု လည်း လိုအပ်မှုနည်းပါးသည့်အပင်မျိုးဖြစ်ပါသည်။ စီးပွားဖြစ်စိုက်လျှင်မူ ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာ ကျွေးပေးနိုင်လျှင်ပိုကောင်းပါသည်။ ပြည်မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀-၂၀၀)ကျပ်ရှိပါသည်။

DOCA(ပဲခူး)