Main menu

ထားဝယ်မြို့ရှိစတော်ဘယ်ရီသီးစျေးနှုန်း

Powered by Drupal

ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံ များ လာရောက်ရောင်းချလျက်ရှိရာ  စတော်ဘယ်ရီသီးများမှာလည်း လူကြိုက်များ၍ ‌‌ရောင်းအား ကောင်းပါသည်။

              စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီးကို သားရေစာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။

              ယခင်လတွင် စတော်ဘယ်ရီသီး ၁အုပ်လျှင် (၅၀၀၀)ကျပ် မှ (၄၅၀၀) ကျပ်အထိ ရောင်းချပြီး ယခုလတွင် စတော်ဘယ်ရီသီး၁အုပ်လျှင်(၃၀၀၀) ကျပ်နှင့် (၂၀၀၀) ကျပ် အထိ စျေးနှုန်း ကျဆင်းသွား ပါသည်။ စျေးနှုန်းလည်းချိုသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ရောင်းအားကောင်း ကြောင်း  သစ်သီးဆိုင်များမှ သိရပါသည်။

DOCA(တနင်္သာရီ)