
ဓနိပင်သည် ထားဝယ်မြစ်ကမ်းတစ်လျှောက်တွင် အများဆုံးတွေ့ရပြီး ထားဝယ်ဒေသခံ အနည်းစုမှာ ဓနိပင်ကနေ ဓနိသကြား၊ ဓနိဖက်၊ ပုအုန်းရည်များထုတ်ယူပြီး အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ဓနိပွင့်ယိုပြုလုပ်ရာတွင် ဓနိပန်းကိုခူးပြီး အခြောက်လှန်းကာ ဓနိဦးရည်ဖြင့် ကျိုချက်ကြ ခြင်းဖြစ်သည်။
ထားဝယ်ဒေသတွင် ဓနိထွက် စားသောက်ကုန်များ ယခုနှစ်တွင် စျေးကောင်းရနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရပါသည်။ ဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်သည့် ဓနိပွင့်ယို တစ်ပိဿာ လျှင် (၁၂၀၀၀)ကျပ်ခန့်အထိ စျေးရနေကြောင်း ဓနိတောင်သူများထံမှ သိရပါ သည်။
DOCA(တနင်္သာရီ)