Main menu

ရန်ကုန်ဈေးကွက်သို့ ပေးပို့နေရတဲ့ ညောင်တုန်းမြို့ရဲ့ အသားစားကြက်ဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် အသားစားကြက်မွေးမြူရေးလုပ်ငန်း များလည်း ဆောင်ရွက်ကြပြီး မွေးမြူသော အသားစားကြက်များကို ရန်ကုန်မြို့ရှိ တာမွေ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာစသည့် ဈေးများထံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်မြို့ တွင် လူဦးရေများလာခြင်းနှင့် အသားစားအစားအသောက်လိုအပ်ချက် တိုးလာခြင်း ကြောင့် ဈေး ကွက် အတွင်း၌ တငအသားစားကြက်လိုအပ်ချက်မြင့်မား လျှက် ရှိနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ရန်ကုန်မြို့ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အသားစားကြက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ညောင်တုန်းမြို့နယ်တွင် တည်ရှိသော မွေးမြူရေးနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် တို့၏ ပြောကြားချက်အရ ယခုနှစ် ဇန်နဝါရီလအတွင်း တင်ပို့ရောင်းချနိုင်ခဲ့သော အသားစားကြက် ပိဿာချိန်မှာ ၅၅၀၀၀ ခန့်ရှိခဲ့ပြီး၊ အဆိုပါအရေအတွက်သည် ဖေဖော်ဝါရီလတွင် တိုးတက်လာကာ ၇၆၀၀၀ ပိဿာချိန်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

ထပ်မံ၍ မွေးမြူရေးလုပ်ငန်းရှင်များက “ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေကို အကောင်လိုက်အစားမဟုတ်ပဲ ပိဿာချိန်ဖြင့် တင်ပို့ရောင်းချနေကြ ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ တင်ပို့ရောင်းချနိုင်တဲ့ပမာဏဟာ တကယ်တိုး လာပါတယ်။ တင်ပို့ရောင်းချမှု တိုးလာတာနဲ့အမျှ တခြားရေထွက်ကုန်တွေလည်း တင်ပို့မှုများ လာပါတယ်။” ဟု ပြောကြားချက်အရ သိရှိရပါတယ်။ ထို့အပြင် အသားစားကြက်တင်ပို့မှုများ မြင့်တက်လာသည့်အတွက် ညောင်တုန်းမြို့နယ်အတွင်းရှိ အသားစားကြက် မွေးမြူရေးလုပ်ငန်း များအတွက် အခွင့်အလမ်းကောင်းများ ပိုမိုဖြစ်ပေါ်လာနိုင်စေမည်သာမက တာဝန်ခံ လုပ်သားများ၊ ကုန်သည်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ယာဉ်အငှားလိုက်များ အထိ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)