Main menu

ယခင်နှစ်ထက် ဈေးပိုမိုရရှိသော အုန်းသီးဈေးကွက်

Powered by Drupal

ဖျာပုံခရိုင်တွင် အုန်းပင်စိုက်ဧက (၁၈၉၀၀)ခန့် ရှိပါသည်။ ဖျာပုံခရိုင်ရှိ မြို့နယ်များအနက် ဘိုကလေးမြို့နယ်မှာ အထွက်အများဆုံးမြို့ဖြစ်သည်။ ဖျာပုံ၊ ဘိုကလေး ကားလမ်း တစ်လျှောက် လမ်းဝဲယာ၌ အုန်းသီးအဝယ်ဒိုင်များ တွေ့မြင်နိုင်ပါသည်။  ထိုအဝယ်ဒိုင် များသို့ ဘိုကလေးမြို့ပိုင် ကျေးရွာများဖြစ်သော  ကံ့ကော်တစ်ထောင်၊ ကညင်ချောင်း၊ ကိုင်းတော၊ အစိမ်းကျေးရွာ၊ ဘုရားလေး၊ တောင်သလဲ၊ စံပယ်ကုန်း၊ ဘဝသစ်၊ ရေကျော် စသည့်ကျေးရွာများမှ အများဆုံး ဝယ်ယူရရှိပါသည်။

အုန်းသီးတစ်လုံးလျှင် အဝယ်ဒိုင် အရောက် (၂၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူပါသည်။ ထိုအလုပ်ရုံတွင် အလုပ်သမား (၂/၃)ဦးခန့် ရှိကာ အုန်းခွံ ခွာခ တစ်လုံးလျှင် (၅၀) ကျပ် ပေးရပြီး တစ်နေ့လျှင် အုန်းသီး (၂၀၀) မှ (၃၀၀) လုံးခန့် ခွာနိုင်ပါသည်။ အလုပ်သမား တစ်ဦးလျှင် နေ့တွက်ခ (၁၀၀၀၀) မှ (၁၅၀၀၀)ကျပ်ထိ ရရှိကြပါသည်။  အုန်းသီး အခွံခွာထားသော ပီနံလုံးများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိပါသည်။ တစ်ပတ်လျှင် အုန်းသီးအလုံးရေ (၁၀၀၀၀)လုံးခန့် တင်ပို့နိုင်ပါသည်။ ယခင်နှစ်ဈေးနှုန်းမှာ အုန်းသီးတစ်လုံးလျှင် (၁၃၀၀ မှ ၁၅၀၀)ကျပ် ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ဈေးပိုမိုရရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တွက်ချေကိုက်မှု ရှိကြောင်း အုန်းသီးပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(ဧရာဝတီ)