Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ရှမ်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများစိုက်ပျိုးကြကြောင်း ၊ ယခုအခါ ကြက်သွန်နီများထွက်ရှိ၍  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်း ယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာလျှင် (၃၀၀)ကျပ်ကျဆင်းသွားကြောင်း ကြက်သွန် နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)