Main menu

“ထန်းပက်လက်ကုလားထိုင်ပြုလုပ်ခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

Powered by Drupal

          ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကျောက်ဆည်မြို့နယ်၊ကျောင်းကုန်းကျေးရွာရှိ ထန်းလက် ကုလားထိုင်လုပ်ငန်းအားကွင်းဆင်းလေ့လာခဲ့ပါသည်။၄င်းလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်အပို ဝင်ငွေရရှိရေးပြုလုပ်ရောင်းချလျှက်ရှိပါသည်။ ကျောင်းကုန်းကျေးရွာတွင် ထန်းလက်ကုလားထိုင် လုပ်ငန်းကို မိရိုးဖလာအဖြစ် လွန်ခဲ့သောနှစ်(၂၀)ခန့်မှ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါ သည်။ထန်းပက်လက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်ဖျားကို ထန်းပင်မှခုတ်ယူပြီး နေပူခံကာအခြောက်လှမ်းထားရကြောင်း၊ယင်းသို့နေပူခံကာ အခြောက်လှမ်းထားသော ထန်းပက်လက် ကုလားထိုင်သည်ရေရှည်ခိုင်ခံ့မှုရှိမည်ဖြစ်ကြောင်း၊ထန်းလက်ကုလားထိုင်တစ်လုံးပြုလုပ်မည်ဆိုပါက ထန်းအလက်(၃၀)ကုန်ကျမည်ဖြစ်ပြီး (၁)လက်လျှင်(၇၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ကုလားထိုင် တစ်လုံးအား ထန်းလက်များဖြင့်သာပြုလုပ်ထားပြီး ကုလားထိုင်ခိုင်ခန့်ရန်အတွက်သံမှိုကိုအသုံးပြု၍ ထိန်းထားကြောင်း၊ကုလားထိုင်တစ်လုံးလျှင်(၁)လက်မသံနှင့်(၅)မတ်သံ(၅)ကျပ်သားကုန်ကျမည်ဖြစ် ပြီးသံမှိုစျေးအနေဖြင့်(၅၀၀/-)ကျပ်ကုန်ကျကြောင်း၊လူတစ်ဦး(၁)ရက်လျှင် ကုလားထိုင်တစ်လုံးပြီးစီး ကြောင်း ၊ ကုလားထိုင်တစ်လုံးပြုလုပ်ရာတွင် အပြီးအစီး(၄၀၀၀-၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ကျေးရွာအတွင်းပြန်လည်ရောင်းချပါက တစ်လုံးလျှင်(၈၀၀၀-၉၀၀၀)ကျပ်အထိရှိပြီး ပြုလုပ်ရောင်းချ သူများအနေဖြင့် နေ့စားလုပ်အားခနှင့်ယှဉ်လျှင် တွက်ခြေကိုက်ကြောင်း၊မပြုလုပ်နိုင်သူများမှငွေကြို တင်‌ပေး၍ ဆိုင်ကယ်ဖြင့်လှည့်လည်ရောင်းချကြကြောင်း၊ကြိုတင်ပေးယူ၍ ပြန်လည်ရောင်းချသော ကြောင့် ကုလားထိုင်တစ်လုံးလျှင်(၁၀၀၀၀/-)ကျပ်ပေးဝယ်၍ပြန်လည်ရောင်းချကြကြောင်း၊လူတစ်ဦး လျှင်(၁)ရက် တစ်လုံးခန့်ပြုလုပ်၍ ရောင်းချပါက တစ်လ အကျိုးအမြတ်အနေဖြင့်(၁၂၀၀၀၀-၁၃၀၀၀၀) ကျပ်အထိရရှိနိုင်ကြောင်း၊ကျောင်းကုန်းကျေးရွာမှထန်းလက်ကုလားထိုင်ပြုလုပ်သူတစ်ဦး၏ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)