
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း ဆီးသီးအခြောက်အများအပြား ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ပုသိမ်ကြီး၊ကျောက်ဆည်၊ စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့တွင် ထိုင်ဝမ်မျိုးကိုင်းကူး ဆီးသီးနှင့် ဒေသမျိုးဆီးပဲလှော်ပင်အများအပြား စိုက်ပျိုးလျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကျန်ဒေသတို့မှလည်း ဆီးသီးများဝင်ရောက်ကြောင်း သိရပါတယ်။
မန္တလေးစျေးကွက်အတွင်းသို့ ဆီးသီးအစို/အခြောက်နှစ်မျိုးလုံးဝင်ရောက်လျက်ရှိပြီး၊ ဆီးသီးအစို ဝင်ရောက်မှုလျော့နည်းသွားကာ ဆီးသီးအခြောက်ဝင်ရောက်မှုများပြားကြောင်း ဆီးသီးခြောက် ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လတတိယပတ်အတွင်းဆီးသီး အစိုထိုင်ဝမ်ဆီးသီး(ပုလဲဖြူ) တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ဆီးကြက်ဥ ၁၀လုံး လျှင် ၃၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ဆီးပဲလှော်တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်စျေးဖြစ်ပြီး၊ ဆီးသီးအခြောက်ပေါက်စျေးမှာ အချိုသီးခြောက်(လုံးကြီး)တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊ အချို(လုံးသေး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ဆီးချဉ်သီးခြောက်တစ်ပြည်လျှင် ၂၀၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါတယ်။ စျေးကွက်အတွင်း ဆီးသီးခြောက်မှာ ဝင်ရောက်မှုများသကဲ့သို့ စားသောက်ကုန်များဖြစ်သည့် ယိုစုံလုပ်ငန်းနှင့် ဖျော်ရည်လုပ်ငန်းတို့မှ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)