Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် မြသလ္လာဈေးတို့တွင် ဘေးအန္တရာယ်ရှိသော ကုန်စည်များ ‌ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ခံအရာရှိနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မိတ်ဖက်ဆက်စပ်ဌာနများဖြစ်သည့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မုံရွာမြို့ နယ်  စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၆.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မုံရွာမြို့ ချင်းတွင်းရတနာဈေးနှင့်မြသလ္လာဈေးတို့တွင် ဘေးအန္တရာယ်ရှိသောကုန်စည်များ၊ စားသုံးရန်မသင့်ကြေငြာထားသောအစားအသောက်များ ရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးဆီအ‌ရောင်းဆိုင်များအား စားသုံးဆီနှင့်ပတ်သက်သည့်ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး အသိပညာပေးဆွေးနွေးခြင်း၊ ပင်လယ်စာအရောင်းဆိုင်များတွင် FDAမှ စားသုံးရန်မသင့်ကြေငြာထားသည့် အသားလုံး၊ အသားချောင်း (၂၁)မျိုးအား ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်ရှင်များအား အဆိုပါ အသားလုံး၊ အသားချောင်းများကို မိမိကိုယ်တိုင်လည်း မစားသုံးရန်နှင့် ရောင်းချဖြန့်ဖြူးခြင်းလည်းမပြုရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)