Main menu

ကရင်ပြည်နယ်အတွင်း စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကရင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ  ကရင်ပြည်နယ်အတွင်း စားသုံးဆီထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အထောက်အကူဖြစ်စေရေးအတွက် စားသုံးဆီစက်ရုံတည်ဆောက်မည့် ဘားအံစက်မှုဇုန်ရှိ ဦးမြင့်ဦးပိုင်ဆိုင်သော မြေနေရာသို့ ၁၉-၆-၂၀၂၂ ရက်နေ့ (၁၀:၀၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးဆီစက်ရုံတည်ဆောက်မည့်မြေနေရာပတ်ဝန်းကျင်အနေအထားများကို လေ့လာကြည့်ရှုခဲ့ပြီး၊ စားသုံးဆီစက်ရုံတည်ဆောက်ပြီးစီး၍ စားသုံးဆီများထုတ်လုပ်ပါက ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချပါက မိမိတို့စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ကြေညာထားသော Grade Food Can အဝါရောင်ဆီပေပါနှင့်ပုံးအခွံများကို အသုံးပြုဆောင်ရွက်ရမည့်အခြေအနေများကိုလည်းကောင်း၊ စားသုံးဆီကုန်အမှတ်တံဆိပ်များတွင် မြန်မာလိုပါရှိရမည့်အချက်များ အသေးစိတ်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်းကောင်း၊ ရှင်းလင်းပြောကြားခဲ့ပါသည်။

         ဦးမြင့်ဦး တည်ဆောက်မည့် စားသုံးဆီစက်ရုံသည် ဘားအံမြို့စက်မှုဇုန် အကွက်(၃)တွင် မြေနေရာလျာထားပြီး အဆောက်အဦပုံစံနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သက်မှတ်ထားသောစံချိန်စံညွှန်းလုပ်ထုံးလုပ်နည်းများအတိုင်း သတ်မှတ်ချက်နှင့်အညီ တည်ဆောက်မည်ဖြစ်ပြီး၊ လိုအပ်သောကုန်ကြမ်းများကို ဒေသအတွင်းမှ ထွက်ရှိလာသောကုန်ကြမ်းများအသုံးပြုမည်ဖြစ်ကာ ဆီထွက်သီးနှံများဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်နှင့်အခြားသီးနှံများကို အဝယ်ဒိုင်များဖွင့်လှစ်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူရန် လိုအပ်ကြောင်းနှင့် ဈေးနှုန်း/ဈေးကွက်တည်ငြိမ်စေရေးအတွက် ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၍ ဒေသတွင်းစားသုံးသူပြည်သူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု၊ မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သော ကုန်အညွှန်းအမှတ်အသား၊ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ တင်ပို့ရောင်းချသူများကို သီးနှံဆိုင်ရာဈေးနှုန်း/ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေ၍ တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)