Main menu

LAPTOP ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ပဏာမ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး စေ့စပ်ညှိနှိုင်းခဲ့ရာ ဆိုင်ဘက်မှ laptop တန်ဖိုး ငွေကျပ် ၁,၄၅၀,၀၀၀/- ကို တိုင်ကြားသူအသုံးပြုခဲ့သည့် အချိန်ကာလအတွက်တန်ဖိုးနှင့် laptop ဝယ်ယူ စဉ်က ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းတန်ဖိုးများအား နှုတ်ယူ၍ ကျန်ငွေကျပ် ၁,၂၂၀,၀၀၀/-ကို တိုင်ကြားသူထံသို့ ပြန်လည်လွှဲပေးခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။