Main menu

သနပ္ပင်မြို့နယ်အတွင်း Talk Show ပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သနပ္ပင်မြို့နယ်တာဝန်ခံ ဦးသိန်းဆွေသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုဆက်ဆံရေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ၊ နံနက် (၁၀:၃၀) တွင် ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ နှင့်စပ်လျဉ်း၍ Talk Show ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် မြို့နယ်တာဝန်ခံက ညီညွတ် မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍဆောင်ပုဒ်နှင့်အညီ စားသုံးသူများအနေဖြင့် မိမိတို့၏ ဘဏ်အကောင့် အချက်အလက်များ၊  ဘဏ်ကဒ်နံပါတ်များ၊ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းစဉ် နံပါတ်များ၊ လျှိုဝှက်နံပါတ်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျှဝေခြင်းမပြုရန်၊  ငွေလွှဲဝန်ဆောင်မှုပြုစဉ် လွယ်ကူသော လျှိုဝှက်နံပါတ်များ အသုံးမပြုကြရန် ၊ စားသုံးသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်များ၊ လျှိုဝှက်နံပါတ်များအား လူမှုကွန်ယက်များ အပေါ်တွင် အသိပေးတင်ပြခြင်း မပြုရန် ၊ ဒီဂျစ်တယ် စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများ၏ Call Center နှင့် အပြာရောင်အမှန်ခြစ် ရရှိထားသည့် Facebook Page တို့တွင်သာ မိမိတို့၏ ငွေကြေးဆိုင်ရာသိလိုသည့်အကြောင်းအရာများကို ဆက်သွယ်မေးမြန်းရန် ၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲ ဝန်ဆောင်မှုဝန်ထမ်း ဟန်ဆောင်၍ အခြားဖုန်းများနှင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များနှင့် ငွေလွှဲအချက်အလက်များအား အသိပေးပြောကြားခြင်း မပြုရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

          ထို့အပြင် စားသုံးသူ၏ တာဝန် (၄) ရပ်အား အသိပေး ပြောကြားပြီး စားသုံးသူတိုင်းလိုက်နာကြရန်နှင့် မိမိတို့ ရွေးချယ်ဝယ်ယူထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှု၏ နစ်နာမှုများအား စားသုံးသူရေးရာဦးစီးဌာန ၊  CICC ရုံးများတွင် တိုင်ကြားကြရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)