
ဆယ်လမွန်ငါးဈေးနှုန်းကျဆင်းမှုနှင့် ကမ္ဘာ့ကုန်သွယ်ရေး မသေချာရေရာမှုများကြား နော်ဝေ ပင်လယ်စာတင်ပို့မှုသည် ဧပြီလအတွင်း စံချိန်တင်ခဲ့သည်။ ဝယ်လိုအားမြင့်တက်ရခြင်းမှာ တရုတ်နှင့် အမေရိကန် နိုင်ငံများမှ ဝယ်လိုအားဈေးကွက်ခိုင်မာမှုကြောင့်ဖြစ်ကြောင်း နော်ဝေပင်လယ်စာတင်ပို့မှုကြီးကြပ်ရေး ကောင်စီက အင်္ဂါနေ့ကပြောကြားခဲ့သည်။
ပင်လယ်စာတင်ပို့မှုသည် ဧပြီလအတွင်း နော်ဝေးခရိုနာ ၁၄.၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၃၃ ဘီလီယံ) ရှိခဲ့ပြီး ကာလတူ ယခင်နှစ်မှ လနှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ဧပြီလအတွင်းပင်လယ်စာတင်ပို့မှုအမြင့်ဆုံးသို့ရောက်ရှိလာကြောင်း မှတ်တမ်းများအရ သိရသည်။
ဧပြီလအတွင်း ပင်လယ်စာတင်ပို့မှုမြင့်မားသည့်နှုန်းသည် ယခင်ကမရရှိခဲ့ဖူးသည့် စံချိန် တင်ဖြစ်ကြောင်း နော်ဝေပင်လယ်စာလုပ်ငန်းရှင်များက ပြောကြားသည်။ နော်ဝေပင်လယ်စာ တင်ပို့မှုကြီးကြပ်ရေးကောင်စီ CEO မှ တရုတ်နှင့်အမေရိကန်နိုင်ငံများမှ ဈေးကွက်များတွင် နော်ဝေ ဆယ်လမွန် ငါးဝယ်လိုအား မြင့်တက်နေသောကြောင့် ယခုကဲ့သို့ စံချိန်တင် မြင့်တက် လာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဧပြီလအတွင်း တရုတ်သို့ တင်ပို့မှု ၁၄ ရာခို်ငနှုန်းမြင့်တက်ခဲံပြီး ၉၁၃.၈ မီလီယမ် ရရှိခဲ့ကြောင်း၊ နော်ဝေဆယ်လမွန်ငါးမှာ တရုတ်ဆယ်လမွန်ငါးဈေးကွက်တွင် ခိုင်ခို်င မာမာ ရပ်တည်ပြီး လူကြိုက် များသောကြောင့် ယခုကဲ့သို့ တင်ပို့မှုမြင့်တက်လာရခြင်းဖြစ်သည်။
ဥရောပမှသည် အမေရိကန်နှင့် အာရှကဲ့သို့သော နို်ငငံခြားဈေးကွက်များထိ ဆယ်လမွန် ငါးဈေးကွက် ကောင်းနေတာဟု Chramer မှ ဆိုသည်။ ပိုမိုပူနွေးသော ပင်လယ်အပူချိန်နှင့် ဇီဝဗေဒဆိုင်ရာ စိန်ခေါ်မှုများ နည်းပါးလာခြင်းကြောင့် အရည်အသွေးသာလွန်သော ဆယ်လ်မွန်များ ပမာဏမြင့်မားလာကာ ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။
ပြီးခဲ့သည့် လေးလဆက်တိုက် အမေရိကန်သို့ ပင်လယ်စာတင်ပို့မှုတွင် ဦးဆောင်ခဲ့ပြီး ယခုနှစ် ဧပြီတွင် နော်ဝေနိုင်ငံမှ အမေရိကန်သို့ ပင်လယ်စာတင်ပို့မှု၁.၄ ဘီလီယံထိ ရောက်ရှိခဲ့ သည်။ ယခင်နှစ် ကာလတူလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၂၃ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။
Charmer မှ ဧပြီလအတွင်း အမေရိကန်မှ အခွန်အကောက်တိုးမြှင့်မှုနှင့် စပ်လျဉ်း၍ မသေချာ မရေရာမှုများနှင့်အတူ နော်ဝေပင်လယ်စာတင်ပို့မှု တိုးတက်လာမှု အကျိုးသက်ရောက်မှုက ကောက် ချက်ချဖို့ စောပါသေးတယ်ဟုလည်း ယင်းကဆက်လက်ပြောကြားသည်။
နော်ဝေပင်လယ်စာတင်ပို့မှုကောင်စီ၏ စာရင်းများအရ ယခုနှစ်တွင် နော်ဝေပင်လယ်စာ တင်ပို့မှုမှာ ဇန်နဝါရီလမှ ဧပြီလအထိ နော်ဝေခရိုနာ ၅၈.၅ ဘီလီယံသို့ တိုးလာပြီး ၂၀၂၄ ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၇.၃ ရာခိုင်နှုန်းခန့်တိုးလာကြောင်းသိရှိရသည်။
Sources- channel news asia
DOCA(မန္တလေး)