Main menu

ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးက “ * * * ” Software ပျက်သွားသဖြင့် ပြန်ထည့်၍ Account ထဲသို့ ပြန်ဝင်ရာတွင် OTP Code အကြိမ်ကြိမ် တောင်းခံသော်လည်း OTP Code ကျလာခြင်းမရှိဘဲ Account Lock ကျသွား ကြောင်း၊ ယင်း Account ငွေကျပ် ၂ဝဝဝဝိ/- ရှိသည့်အတွက် Operator သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုင်ကြားလာမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “ * * * ”သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ “ * * * ” က တိုင်ကြားသူသည် “ * * * ” Software အား ပြန်ထည့်၍ Account ထဲသို့ ပြန်ဝင်ရာတွင် OTP Code အား သတ်မှတ်ချိန်အတွင်း ပြန်လည်ရိုက်ထည့် နိုင်ခြင်းမရှိဘဲ (၃) ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့သည့်အတွက် System မှ စာရင်းအား ယာယီ ပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၅-၆-၂၀၂၂ ရက်နေ့တွင် “ * * * ” Call Center Operator က တိုင်ကြားသူထံ ဆက်သွယ်၍ Mobile Phone စာရင်းပိုင်ရှင်မှန်ကန်ကြောင်း အတည်ပြုမှု လုပ်ငန်းစဉ်များအား ဆောင်ရွက်ပြီး မှန်ကန်မှုရှိသည့်အတွက် Account အား ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။