
အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် အုတ်၊ သဲ၊ ကျောက် အရောင်းဆိုင်တို့အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၅.၄.၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ် စီမံအုပ်ျုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးမျိုးမြင့်ပါ(၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သန့်ဇင်ပါ (၅)ဦး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ အငယ်တန်းစာရေး ဦးသန်းထိုက်စိုး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ပြည်တွင်းအခွန်းများဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မောင်အေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း များဈေးနှုန်းမှန်ရောင်းချစေရန် စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ “Asia Center” အိမ်ဆောက် ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ “တော်ဝင်” (အုတ်၊သဲ၊ ကျောက်) အရောင်းဆိုင်၊ တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိ “Pro-1 Global Home Center” အရောင်းဆိုင်နှင့် နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းရှိ“Pro-1 Global Home Center”အရောင်းဆိုင် များအား မြေပြင်လက်ကျန်အခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)