Main menu

ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ရွှေပြည်သာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်လျက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ဦးဌေးလှိုင်ဖေ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးသက်ပိုင်စိုး အကြီးတန်းစာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၆.၄.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းများရောင်းချနေသည့် ကိုကျော်ကျော်မိသားစု၊ ပြည်မြန်မာ၊ ဖိုးရာဇာ၊ အဲဗားဆိုင်များသို့ သွားရောက်ခဲ့ပြီး အုတ်၊ သဲကျောက်၊ ဘိလပ်မြေ၊ သံချောင်း၊ သွပ်ပြား၊ အိမ်ရိုက်သံ၊ Hollow သံချောင်း၊ H-Beam၊ I-Beam စသည့်ပစ္စည်းများ ရောင်းချနေမှုအခြေအနေ၊ ဝယ်ဈေး/ရောင်းဈေးနှင့်အမြတ် ရာခိုင်နှုန်းရရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းခြင်း မရှိစေရန်နှင့် ပစ္စည်းများအား တာရှည်စွာသိုလှောင်ထားပြီး လက်ဝါးကြီးအုပ်အမြတ်ထုတ်၍ ဈေးကစားခြင်းများ ပြုလုပ်ဆောင်ရွက်ကြခြင်းမရှိစေရန် အထူးကြပ်မတ်စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)