Main menu

“ ဆက်သွယ်ရေးဝန်ဆောင်မှုအား စားသုံးသူက Websiterမှတဆင့် တိုင်ကြားခဲ့မှုအား ဖြေရှင်းဆောင်ရွက်”

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ရုံးအနေဖြင့်၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုအား စားသုံးသူပြည်သူတစ်ဦးမှတိုင်ကြားခဲ့မှုအား ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နေ၊ စားသုံးသူပြည်သူတစ်ဦးသည် ခဲအကုန်မခြစ်မိသော ငွေဖြည့်ကဒ်ကိုဖြေရှင်းဆောင်ရွက်ပေးပါရန် MPTသို့ အကြောင်းကြားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ Websiteမှတဆင့် ဆက်သွယ်တိုင်ကြားလာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှတိုင်ကြားသူအား ဆက်သွယ်ခဲ့ရာ ၎င်းသည် ငွေဖြည့်ကဒ်ဝယ်၍ မရသော နေရာသို့ ရောက်ရှိနေခဲ့သဖြင့် ၎င်း၏သူငယ်ချင်းဖြစ်သူအား ဖုန်းငွေဖြည့်ကဒ်ဝယ်ယူ၍ Onlineမှ တဆင့် ဓာတ်ပုံရိုက်ပေးပို့ရန်အကူအညီတောင်းခဲ့ရာ သူငယ်ချင်းမှ ငွေဖြည့်ကဒ်အားဓာတ်ပုံ ရိုက်ကာပေးပို့ခဲ့ပြီး ၎င်းငွေဖြည့်ကဒ်များအား လွှင့်ပစ်ခဲ့ကြောင်းသိရှိရပါသည်။ စားသုံးသူမှချက်ချင်း မထည့်သေးဘဲ မိမိအားလပ်သောအချိန်တွင် ဘေလ်ဖြည့်ကြည့်ရာ နောက်ဂဏန်း(၃)လုံးခဲခြစ်ရန် လိုအပ်‌နေကြောင်း တွေ့ရှိရသဖြင့် မိမိတွင် ဖုန်းဘေလ်ကဒ်လက်ခံ မရှိသောကြောင့် Call Centre သို့ ဆက်သွယ်ခဲ့ရာဖြေရှင်းပေးခြင်းမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။      

ဆက်သွယ်ရေးတာဝန်ခံရုံး (အော်တိုအိတ်ချိန်း)သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ခရိုင်ဆက်သွယ်ရေး ရုံး၊တာဝန်ခံအင်ဂျင်နီယာမှ စားသုံးသူ၏ လက်ဝယ်တွင် ငွေဖြည့်ကဒ်လက်ခံရှိပါက ခဲခြစ်၍ ဘေလ်ဖြည့်နိုင်ကြောင်း၊ QRကုဒ်အား Scanဖတ်၍ ဖြည့်၍ရကြောင်းပြောကြားခဲ့ပါသည်။ စားသုံးသူ၏ လက်ဝယ်တွင် ငွေဖြည့်ကဒ်မရှိတော့သည့်အတွက် MPT Call Centre 106 သို့ ဆက်သွယ်၍ ၎င်းငွေဖြည့်ကဒ် နှင့်အချက်အလက်များအား စစ်ဆေး၍ စားသုံးသူမှအသုံးပြုပြီးခြင်း ရှိ/မရှိစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ပါ‌ကြောင်း စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးနှင့် လာရောက်‌တွေ့ဆုံဖြေရှင်း ဆွေးနွေးခဲ့ပါသည်။

          ၎င်းနောက် Call Center သို့ ဆက်သွယ်ခဲ့ရာ တိုင်ကြားသူသည် လက်ရှိအချိန်ထိ ငွေဖြည့်ကဒ်ကို အသုံးပြုထားခြင်းမရှိ‌သေးကြောင်း စစ်ဆေးတွေ့ရှိရ၍ ဘေလ်(၂၀၀၀)ကျပ်အား စားသုံးသူ၏ ဖုန်းနံပါတ်သို့ ဖြည့်ပေးခဲ့ကြောင်း စားသုံးသူမှ ပြန်လည်တင်ပြလာခဲ့ပါသည်။ စားသုံးသူကာကွယ်ပေး ရေးဥပဒေတွင် စားသုံးသူအခွင့်အရေး (၈)ချက်ရှိသကဲ့သို့ စားသုံးသူများလိုက်နာရမည့် စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်း စားသုံးသူများမှလိုက်နာရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များအနေ ဖြင့်လည်း မိမိတို့ဝန်ဆောင်မှုများကို အကောင်းဆုံးဖြည့်ဆည်းပေးခြင်းဖြင့် တာဝန်များ လေးစား လိုက်နာရန် လိုအပ်ပါကြောင်းကို ခရိုင်ဦးစီးမှူးမှ အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)