စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ဇွန်လအတွင်း ကားဂိတ် ဝန်ဆောင်မှုတစ်ခုအား စားသုံးသူပြည်သူတစ်ဦးမှ သတင်းပေးတိုင်ကြားခဲ့မှုအား ဖြေရှင်းဆောင် ရွက်ပြီးစီးခဲ့ပါသည်။
(--------------) မိတ္ထီလာကားဂိတ်မှ ပြင်ဦးလွင်သို့ (၉.၆.၂၀၂၂)ရက်နေ့၊ နံနက်(၈း၀၀)နာရီ အချိန်ခန့်တွင် ပါဆယ်ထုပ်(၁)ထုပ်အား ပျက်စီးလွယ်ပစ္စည်းများဖြစ်၍ နေ့ချင်းရောက်ပို့ပေးရန် ပြောကြားကာ ဂိတ်သို့အပ်နှံခဲ့ရာ၎င်းပါဆယ်ထုပ်အားစားသုံးသူ လက်ဝယ်သို့ အချိန်မီပေးပို့နိုင်ခြင်း မရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်သို့ တိုင်ကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ကားဂိတ်သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ကားဂိတ်တာဝန်ခံမှ လာရောက်ဖြေရှင်းခဲ့ပြီး မိမိအနေဖြင့် ကားဂိတ်သို့စားသုံးသူမှ အဆင်မပြေမှုအား လာရောက်ပြောဆိုခြင်းမရှိသဖြင့် ဌာနသို့လာရောက်တိုင်ကြားမှသာ အဆင်မပြေမှုအားသိရှိခဲ့ရပါကြောင်းနှင့် မိမိတို့ကားဂိတ်အနေဖြင့် အဆင်မပြေမှုအတွက် တာဝန်အပြည့်အဝယူပါကြောင်း၊ စားသုံးသူစိတ်ကျေနပ်စေရန် ၎င်းမှ ပြန်လည် ပြုလုပ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၎င်းတိုင်ကြားမှုအားမိမိတို့ကားဂိတ်အနေဖြင့်တာဝန်အပြည့်အဝယူ၍ ပါဆယ်ထုပ်၏ တန်ကြေး ငွေ(၁၃၀၀၀)ကျပ်အား စားသုံးသူလက်ဝယ်သို့ အပြေအကြေပေးလျော်ခဲ့ပြီးပါကြောင်းနှင့် ယခုကဲ့သို့ စားသုံးသူအဆင်မပြေမှုဖြစ်ရခြင်းကိုမိမိတို့ ------------ ကားဂိတ်အနေဖြင့်များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် နောက်နောင်အလားတူ အဆင်မပြေမှုများမဖြစ်ပေါ်စေရေးအတွက် -------------------ကားဂိတ်မှ ပိုမိုကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ပါသည်။
စားသုံးသူအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်မှ ဖြေရှင်းဆောင်ရွက်ပေးမှုအား စားသုံးသူစိတ်ကျေနပ်မှု အပြည့်အဝရရှိခဲ့သဖြင့် တိုင်ကြားမှုအား ရုတ်သိမ်းကျေအေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)