၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်(၅၅၀၀)ကျပ်၊ ဧည့်မထဆန် (မနောသုခ) တစ်ပြည် (၃၂၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကုလား ပဲခြမ်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ မြေပဲဆံတစ်ပြည် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဆား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၅၀၀)ကျပ်၊ ဘဲဥတစ်လုံး (၆၅၀)ကျပ်၊ အသား/ငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သား CP တစ် ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပုဇွန် (ဘော့ချိတ်) တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဇွန်လ ဒုတိယအပတ်နှင့် တတိယအပတ် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စားအုန်းဆီ နှင့် ကြက်သွန်နီမှာ အရင်ပတ်ထက်ဈေးအနည်းငယ်ကျ၍ ကျန်စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် လျက်ရှိကြောင်းသိရပါသည်။
DOCA(ကရင်)