Main menu

ပခုက္ကူကြက်သွန်နီ ဇွန်လ(တတိယပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်မြို့၊ ဆိပ်ဖြူမြို့၊ ကမ္မမြို့နှင့် ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ဇွန်လ(တတိယပတ်)တွင် ဈေးငြိမ်နေပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၇၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ် (၁၂၅၀) ၊ အလတ် ကျပ် (၁၀၀၀)၊ အနိမ့်စကျပ်(၈၀၀) ဖြစ်ပြီး ဇွန်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေ ဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့ များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ် လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)