Main menu

အမေရိကန်ဒေါ်လာ ၁၂၈ သန်းတန်ကြေးရှိသော သတ်မှတ်ချက်ပြည့်မီသည့်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂ ခုကို CDC ပြန်လည်ဆန်းစစ်

Powered by Drupal

             ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် အမေရိကန်‌ဒေါ်လာ ၁၂၈ သန်းတန်ဖိုးရှိသော သတ်မှတ်ချက်ပြည့်မီသည့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂ ခုအား Single Window Scheme မှတစ်ဆင့် ဇွန်လ ၁၂ ရက်နေ့က ပြန်လည်ဆန်းစစ်ခဲ့ကြောင်း သိရပါသည်။ ထိုဆန်းစစ် သည့်အစည်းအဝေးကို ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ၏ အတွင်းရေးမှူးချုပ် Chea Vuthy  က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ CDC က ထိုရင်းနှီးမြှုပ်နှံမှုများသည် ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ လက်သုတ်ပဝါ၊ ချည်မျှင်နှင့် ဆေးဆိုးခြင်း၊ အိမ်တွင်းအလှဆင်ပစ္စည်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်း၊ ငါးဖမ်းပစ္စည်းနှင့် အရုပ်များ ထုတ်လုပ်ခြင်းတို့ပါဝင်သည့် များစွာ သောစက်မှုဧရိယာများကိုလွှမ်းခြုံထားပြီး အလုပ်အကိုင် ၄၆၀၀ ဖန်တီးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များတွင် အခန်း ၂၈၀ ပါဝင်သော ကြယ် ၅ ပွင့် ဟိုတယ်တည်ဆောက်မည့် ခရီးသွားစီမံကိန်း တစ်ခုပါဝင်ကြောင်း သိရပါသည်။ မေလတွင် CDC သည် အလုပ်အကိုင်အခွင့်အလမ်း ၄၄၀၀၀ ဖန်တီးပေးနိုင်သည့်အမေရိကန်ဒေါ်လာ ၈၁၆ သန်း တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၅၉ ခုကိုမှတ်ပုံတင်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများ အနက် ၃၈ ခုသည် အထူးစီးပွားရေးဇုန်များပြင်ပတွင်ရှိပြီး ၂၁ ခုသည် ဇုန်များအတွင်းရှိကြောင်း သိရပါသည်။ ဇန်နဝါရီလမှ မေလအထိ ၅ လတာကာလအတွင်း ကမ္ဘောဒီးယားသည် အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၉၀ ခုကိုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက အရေအတွက်တွင် ၉၀ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၅၂ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Hun Manet က Single Window Scheme သည် တော်ဝင်အစိုးရ၏ စီးပွားရေးဝန်းကျင်တိုးတက်ရန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးကြီးထွားမှု မြှင့်တင်ရန်အားထုတ်မှု၏ အောင်မြင်မှုရလဒ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)