Main menu

တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု တိုးမြှင့်ရန် ကမ္ဘောဒီးယား စီစဉ်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်ရေး၊ သိုလှောင်ရုံများနှင့် အအေးခန်းသယ်ယူ ပို့ဆောင်ရေးစနစ် (Cold Chain) များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရန် အာရုံစိုက် နေကြောင်း သိရသည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် စည်းမျဉ်းစည်းကမ်းများအရ ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန် အမျိုးအစား ၁၉ မျိုးကို တင်သွင်းခွင့် ပြုထားသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ Zhumadian International Convention and Exhibition Center တွင် ကျင်းပသည့် ၂၈ ကြိမ်မြောက် China Agricultural Products Processing Industry Investment and Trade Fair တွင် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ဒုတိယ အမြဲတမ်းအတွင်းဝန် Ky Chanromdoul က ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲသည် အလားအလာရှိသော ကမ္ဘောဒီးယား စိုက်ပျိုးရေးထွက်ကုန်များနှင့် စိုက်ပျိုးရေးအခြေခံ အစားအသောက်ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း MAFF မှ ထုတ်ပြန်ထားသည်။ Chanromdoul က ၂၀၂၆ ခုနှစ်အထိ ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် တရုတ် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့အကြား စိုက်ပျိုးရေးထွက်ကုန် တင်ပို့ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ၁၉ ခု လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ ယင်းထုတ်ကုန်များတွင် ဆန်၊ ငှက်ပျော၊ လေရူသီး၊ သရက်၊ ဒူးရင်း၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ ငှက်သိုက်နှင့် ရေလုပ်ငန်းထွက်ကုန်များအပြင် အခြားအလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြောင်း သိရှိရပါသည်။

Source: Khmer Times                

DOCA(ရန်ကုန်)