Main menu

တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန် Hun Sen တိုက်တွန်း

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန် ကမ္ဘောဒီးယား ယာယီနိုင်ငံတော်အကြီးအကဲ Hun Sen က တိုက်တွန်းပြောကြားခဲ့ သည်။ Hun Sen သည် တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း Kim Jin-pyo နှင့် စက်တင်ဘာ ၂၁ ရက်က ဖနွမ်းပင်မြို့ရှိ ဆီးနိတ်လွှတ်တော် Solidarity Palace တွင် တွေ့ဆုံစဉ် ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ ဆီးနိတ်ပြောရေးဆိုခွင့်ရှိသူ Chea Thyrith ၏ ပြောကြားချက်အရ Kim Jin-pyo က ကမ္ဘောဒီးယား-တောင်ကိုရီးယား ဆက်ဆံရေးသည် လက်ရှိတွင် ကောင်းမွန်စွာ တိုးတက်နေပြီး တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် ဆက်လက်စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။ Hun Sen က အဆိုပါ အမြင်ကို ကြိုဆိုခဲ့ပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာစေရန် ဆက်လက်အားပေးမြှင့်တင်ပေးရန် Kim Jin-pyo အား တိုက်တွန်းခဲ့သည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘောဒီးယား၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုကောင်းများရှိနေကြောင်း Hun Sen က အလေးပေးပြောကြားခဲ့သည်။ Kim Jin-pyo က တောင်ကိုရီးယား ခရီးသွားများ ကမ္ဘောဒီးယားသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေး မျှော်လင့်ကြောင်းပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Khmer Times                                                            

DOCA(ရန်ကုန်)