Main menu

မြောက်ဒဂုံမြို့နယ်အတွင်းရှိ ရွှေစင် အိမ်ဆောက်ပစ္စည်းများရောင်းချသည့်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲ့တပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့တို့သည် ၁၉.၆.၂၀၂၅ ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ ရွှေစင်ဘိလပ်မြေအရောင်းဆိုင်အား ဘိလပ်မြေအခြေအနေများ သွားရောက်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့မေးမြန်းရာတွင် ဦးမြသန်းနိုင်(ဒု-ကြီးကြပ်ရေးမှူး) က  ရွှေစင်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ဆွေးနွေးခဲ့ပြီး၊ ဘိလပ်မြေများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကို ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)