
ကန်စွန်းရွက်သည် လူငယ်လူရွယ်လူကြီးအားလုံးစားသုံးကြပြီး အဆိပ်အတောက်များကိုလည်း ပြေပျောက်နိုင်စွမ်းရှိသော ဆေးဖက်ဝင်အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ကန်စွန်း ရွက်ပင်သည် ရေကိုကြိုက်ပြီး ရေရရှိသော ကန်ချောင်းများတွင် သဘာဝအလျှောက်ပေါက် ရောက်ကြပြီး တစ်ချို့တွင် အစေ့ချစိုက်ပျိုးခြင်းများလည်း ရှိပါသည်။ ယခု မိုးဦးကျကာလများ တွင် ကန်စွန်းရွက်ပင်များသည် ကောင်းစွာဖြစ်ထွန်းပေါက်ရောက်လျက် ရှိတတ်ကြသည်။
အလေ့ကျပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား စွတ်ခူးရောင်းချလျက်ရှိသော ကန်ကြီးထောင့်မြို့ ၊ မြို့မဈေးသစ် ကုန်စိမ်းတန်းတွင် ကန်စွန်းရွက်တစ်စီးလျှင် (၁၅၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)