Main menu

ကန်ကြီးထောင့်မြို့ သံပုရာသီးဈေးနှုန်း

Powered by Drupal

   သံပုရာသီးကိုနွေသီးနှင့် မိုးသီးဟူ၍ (၂)မျိုးရှိပြီးနွေရာသီတွင် သီးသောအသီးမှာအထွက် နည်း၍တန်ဖိုးလည်းကြီးပါသည်။ယခုအချိန်ဖြစ်သောမိုးရာသီကာလတွင် သံပုရာသီများလှိုင်လှိုင် ထွက်ပေါ်လာချိန်ဖြစ်၍ တစ်ပင်လျှင်အလုံးရေ(၅၀၀)ခန့်အသီးနှုန်း အားကောင်းလာပါသည်။ထို့ကြောင့်သံပုရာသီးကို နွေသီးနှင့် မိုးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွာခြားချက်များရှိ၍ တစ်နိုင် တစ်ပိုင်စိုက်ပျိုးသူများ အနေဖြင့်လည်း အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ပါသည်။

    သံပုရာသီးဈေးမှာလည်း ကျဆင်းလာခဲ့၍ ရောင်းချသောဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်ျှ၁၀၀) ကျပ် နှင့်အသေးတစ်လုံးလျှင် (၅၀) ကျပ်ဖြင့်ဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ်ဈေးကွက်တွင် ရောင်းချနေသောသံပုရာသီးများမှာလည်း ကန်ကြီးထောင့်ဒေသအတွင်းထွက်ရှိသောသံပုရာသီးများဖြစ်ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)