Main menu

ရွှေဘိုမြို့တွင် ဇွန်လ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီ

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇွန်လ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀၆၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခု ၂၀၂၅ခုနှစ် ဇွန်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၇၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၄၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၁၀)ကျပ် ဈေးနှုန်း၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၁၅)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၉၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၁၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)