
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ပိန္နဲသီးများ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်းရောင်းချနေသော ပိန္နဲသီးများကို ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနသ်ာရီနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အစိုက်များပါသည်။ အတွေ့ရများသောမျိုးများမှာ ပိန္နဲအိမ်ပျော့နှင့် ပိန္နဲအိမ်မာတို့ဖြစ်ပါသည်။
ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော ပိန္နဲသီးဈေးနှုန်းမှာ ပိန္နဲသီးအသေး (၁)လုံး လျှင် (၃၀၀၀) ကျပ်၊ ပိန္နဲသီးအလတ်(၁)လုံးလျှင် (၅၀၀၀) ကျပ်နှင့် ပိန္နဲသီးအကြီး (၁)လုံးလျှင် (၈၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ပိန္နဲသီးရောင်းချသူထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)