Main menu

ကန့်ဘလူမြို့နယ်၏ ရွှေဖရုံသီးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

  ရွှေဖရုံသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသော ကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူ  မြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီးအလုံးကြီး(၁)လုံးလျှင် (၃၀၀၀) ကျပ်၊ရွှေဖရုံသီးအလုံးလတ်(၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေဖရုံသီးအလုံးသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်၊ ရွှေဖရုံသီးစိတ်(၁)စိတ်လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့်လုပ်ငန်းရှင်များ ထံမှသတင်းရရှိသည်။

DOCA(စစ်ကိုင်း)