စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် အာလူးသီးများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။
အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး၊ အမျှင်ဓာတ်ပါဝင်၌ အစာခြေစနစ်ကို ကောင်းမွန် သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်စားသောက်ခြင်းဖြင့် အဟာရဓာတ်များကို အပြည့်အဝ ရရှိပါသည်။
ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ အာလူးသီး (၁) ပိဿာလျှင် (၇၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း အာလူးသီးရောင်းချသူထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)