Main menu

ရာသီစာပိန္နဲသီးမှည့်ဈေးနှုန်းဈေးကွက်

Powered by Drupal

  ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ပိန္နဲသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုး သင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် ပိန္နဲပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ပိန္နဲသီးမှာ အိမ်မာနှင့်အိမ်ပျော့ဟူ၍ (၂)မျိုးရှိသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပိန္နဲသီးအမှည့်(အိမ်မာ)အကြီးတစ်လုံးလျှင် (၇၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် (အိမ်မာ) အသေးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ပိန္နဲသီးအမှည့်(အိမ်ပျော့)အကြီးတစ်လုံးလျှင် (၃၅၀၀) ကျပ်၊ ပိန္နဲသီးအမှည့်(အိမ်ပျော့)အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားမှာ ရွှေဝါရောင်ရှိပြီး အရသာမှာ ချိုမြ၍ ရာသီစာဖြစ်သည့်အတွက် လူကြီး၊ လူငယ်မရွေး ကြိုက်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)