Main menu

ကျွန်းလှမြို့တွင် လယ်ပုဇွန်လုံး(ခေါ်)ဂဏန်းဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မိုးရာသီကာလ၏ ပုဇွန်လုံး (ခေါ်)ဂဏန်းကောင်းလေးများ ပေါများသည့်ရာသီဖြစ်ပါသည်။  ပုဇွန်လုံး (ခေါ်)ဂဏန်းများကို မိမိတို့ ဒေသတွင်း လယ်ယာများအတွင်းမှ ကောက်ယူပြီး ရောင်းချလျက်ရှိပါသည်။ ပုဇွန်လုံး (ခေါ်) ဂဏန်း ကလေးများ၏ အခွံထဲမှ ထုတ်ယူရသော ပုဇွန်ဆီ၊ ပုဇွန်ရင်ဘတ်များ နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်းများကို ရာသီအစားအစာအဖြစ် ရောင်းချလျက်ရှီကြောင်း သိရပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်လုံး(ခေါ်)ဂဏန်း ဈေးနှုန်းများ အနေဖြင့် ပုဇွန်လုံး(ခေါ်)ဂဏန်း တစ်ကောင်လျှင်(၁၀၀)ကျပ်၊ ပုဇွန်လုံး(ခေါ်)ဂဏန်း(၅၀၀)ကျပ်ဖိုးလျှင် (၆)ကောင် နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်း(၁၀၀၀)ကျပ်ဖိုးလျှင်(၁၃)ကောင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပုဇွန်လုံး (ခေါ်)ဂဏန်း ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)