
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ် သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် ဇွန်လ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပြောင်းဖူးဈေးနှုန်းများအနေဖြင့် ပြောင်းဖူး (၁ ) ဖူးလျှင်(၈၀၀) ကျပ်၊ ( ၂ ) ဖူးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ဒေသထွက် ပြောင်းဖူးသည် ဗီတာမင်(B9)ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုတိုးတက် ကောင်းမွန်စေကြောင်း သိရသည်။
Doca(စစ်ကိုင်း)