Main menu

ကျွန်းလှမြို့နယ်၌ ကုလားပဲဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၇၃၅၀၀)ကျပ် ၊ကုလားပဲ(929)(၁)တင်းလျှင်(၇၇၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင်(၈၁၀၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု ပတ်အတွင်း ကုလားပဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိ သောကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)