Main menu

ကရင်ပြည်နယ် မိန်းမလှကျွန်းဒေသထွက် ရုံးပတီသီးများ ဈေးကောင်းရ

Powered by Drupal

     ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေး ကုန်စိမ်းဈေးကွက်သို့  ကရင်ပြည်နယ်၊ မိန်းမလှကျွန်း ဒေသထွက် ရုံးပတီသီးများ ၂၀၂၅ ခုနှစ်၊ ဇွန်လ  တတိယအပတ်မှ စတင်၍ ဈေးကွက်ဝင်ရောက်၍  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် ရုံးပတီသီးများကို လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့်နှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ရုံးပတီသီး တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် ယမန်နှစ်ထက်ဈေးနှုန်းပိုရခဲ့ကြောင်း သိရသည်။

DOCA(ကရင်)