Main menu

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၄၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၃၀၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်း ချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)