Main menu

မြိတ်ဒေသရှိ ငှက်ပျောသီးစျေးကွက်စျေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံများ နှင့် ရာသီစာသီးနှံများစိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းတွင်တင်ပို့ရောင်းချလျက်ရှိသော သီးနှံှံားထဲမှ ငှက်ပျောသီးသည်လည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ဒေသထွက် ငှက်ပျောသီးများကို ရန်ကုန်နှင့်မန္တလေးသို့တင်ပို့ရောင်းချကြသလို မြိတ်မြို့ရှိစျေးနှင့် ရပ်ကွက် များတွင် လာရောက်ရောင်းချကြသည်။ ငှက်ပျောသီးများထဲမှ ဖီးကြမ်းငှက်ပျောသီးသည် လူကြိုက်များလျက်ရှိသည်။

    ၂၀၂၅ခုနှစ်၊ စတုတ္ထပတ်တွင် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် ၂၅၀၀ကျပ်၊ ငှက် ပျောဝါတစ်ဖီးလျှင် ၃၅၀၀ကျပ်၊ ဆွဲအံသီး တစ်ဖီးလျှင် ၄၀၀၀ကျပ်၊ ဆိတ်နို့သီးတစ်ဖီးလျှင် ၂၅၀၀ကျပ်၊ ရခိုင်သီးတစ်ဖီးလျှင် ၁၀၀၀ကျပ် ခန့်ရှိကြောင်း ငှက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

           DOCA(တနင်္သာရီ)