Main menu

မြိတ်မြို့တွင် ထင်ပေါ်ကျော်ကြားလျက်ရှိသည့် အုန်းထညက် (ခေါ်) ထန်းလျက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်သို့ တင်ပို့ရောင်းချသော ထားဝယ်ဒေသထွက် ရာသီပေါ်သီးနှံများနှင့် ရာသီပေါ်အစားအစာများ၏ ဈေးနှုန်းဈေး ကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့ပေါ် တွင် ထားဝယ်ဒေသထွက်အစားအစာဖြစ်သည့် အုန်းထညက်(ခေါ်) ထန်းလျက်သည် အလွန်ပင်ရောင်းကောင်းပြီး ဝယ်ယူစားသုံးသူများပြားကြောင်း သိရှိရပါသည်။ ထားဝယ်ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည့် အုန်းထညက် (ခေါ်) ထန်းလျက်ကို မြိတ်မြို့ပေါ် သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များကလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် ဝယ်ယူကြောင်းသိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ ဇွန်လတွင် မြိတ်မြို့ပေါ်ရှိ ထားဝယ်ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည့် အုန်းသီးဖြင့် ပြုလုပ်ထားသော အုန်းထညက်ကို  တစ်ပိဿာလျှင် (၉၅၀၀)ကျပ်နှင် ရိုးရိုးထန်းထညက်ကို တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)