Main menu

ရွှေတောင်မြို့နယ်တွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးခြင်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာရှိ တောင်သူဦးစိုးလေး၏ ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ခင်းသို့ (၁၈.၆.၂၀၂၅)နေ့နံနက် (၁၀:၃၀)နာရီအချိန် တွင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် လေ့လာခဲ့ပါသည်။

           ရွှေဖရုံသီး(လက်ရိုက်သီး)ကို တန်ခူးလ တွင်စတင်စိုက်ပျိုးပြီး နယုန်လတွင် စတင်ခူးဆွတ် ရောင်းချရပါသည်။  စိုက်ပျိုးသောမျိုးမှာ ထိုင်ဝမ်မျိုး ဖြစ်ပြီး မျိုးထုပ်(၂) ထုပ်စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ်အနေဖြင့် စင်ဖိုးအပါအဝင် (၂)သိန်းခန့်ကုန်ကျစရိတ်ရှိသည်ဟုခန့်မှန်းရပါသည်။ ရွှေဖရုံလက်ရိုက်စင်သည် (၂)နှစ် ဆက်လက်အသုံးပြုနိုင်ပါသည်။ အသီးခူးရာတွင် တစ်ပတ်လျှင် တစ်ကြိမ် (၂)လခူးဆွတ်ရပြီး အနည်းဆုံး အလုံး (၁၂၀၀)ခန့်ရရှိပါသည်။ ရွှေဖရုံလက်ရိုက်သီး တစ်လုံးကို (၆၀၀)ကျပ်ရောင်းချရရှိပါသည်။ ရောင်းရငွေမှာ (၇)သိန်းခန့်ရရှိပြီး အကျိုးအမြတ်မှာ (၅)သိန်းခန့်ရရှိပါသည်။ ခူးဆွတ်ရရှိသော ရွှေဖရုံသီးများကို ရွှေတောင်မြို့မ‌ဈေးကြီးနှင့် အခြားအနီးအနားရှိရွာများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)