
နတ်တလင်းခရိုင် နတ်တလင်းမြို.နယ်ရှိ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်လျက်ရှိသော မတ်ပဲဈေးနှန်းများမှာ ယ္ခင်မေလတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ယ္ခုဇွန်လတွင် နည်းနေသည်ကို တွေ့ရှိရပါသည်။
ယ္ခင်မေလ စတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲ ဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၉၈၃၀၀ကျပ်မှ၉၈၅၀၀)ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယ္ခုဇွန်လ ပထမပါတ် အဖွင့်ဈေးမှာ (၉၆၃၀၀ကျပ်မှ၉၆၅၀၀)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒုတိယပါတ် တွင် ဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိပြီး (၉၅၀၀၀ကျပ်မှ၉၅၈၀၀)ကျပ် အတွင်းသာ ရောင်းဝယ်ခဲ့ပါသည်။
ယ္ခုတတိယပါတ်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှုန်းမှာ အနည်းငယ် ပြန်လည်တက်လာပြီး ပိဿာ(၂၀)တစ်တင်းကို(၉၅၈၀၀ကျပ်မှ ၉၆၅၀၀)ကျပ်အထိ ဈေးမြင့်၍ အရောင်းဝယ်ဖြစ်နေသည်ကို လေ့လာသိရှိ ရပါသည်။ အရောင်းအဝယ် ဖြစ်မှု့အခြေအနေကတော့ တောင်သူများမှ ရောင်းချမှု့ အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)