Main menu

နတ်တလင်းမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်းမြင့်၍ အာလူးဈေးငြိမ်နေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ညဈေးနှင့် မြို့မဈေးအတွင်းတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ မိုးရာသီတွင် ခရမ်းချဉ်သီး ရှားပါးသောကြောင့်  ဇွန်လပထမပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ဇွန်လ တတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာ (၇၀၀၀) ကျပ်နှုန်းရှိပြီး၊ ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ မိုးရာသီတွင် ခရမ်းချဉ်သီး ရှားပါးသောကြောင့် ဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ပါသည်။

           ဇွန်လ ပထမပတ်တွင် ရောင်းချနေသော အာလူးဈေးနှုန်းမှာ အာလူးတစ်ပိဿာ (၇၀၀၀)ကျပ် ဖြစ်ပြီး ယခု တတိယပတ်တွင် ရောင်းချနေသော အာလူးဈေးနှုန်းများမှာ အာလူး တစ်ပိဿာ (၇၀၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။  ယခု ‌ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးများကို ပြည်မြို့ ပွဲရုံများမှ တဆင့် ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)