
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင် ရာသီပေါ် ဟင်းသီး၊ ဟင်းရွက်မျိုးစုံကို စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချလျက်ရှိပါသည်။ ယခုနှစ်တွင် မိုးဦးကျစော၍ ရေသွင်း ရေထုတ်ခြင်း ကုန်ကျစရိတ် ယခင်နှစ်ထက် သက်သာ၍ တောင်သူများ တွက်ခြေကိုက်၍ အကျိုးအမြတ်များပိုမိုရရှိနေကြောင်း သိရပါသည်။
သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ စိမ်းရောင်စို ကုန်စိမ်းဒိုင်တွင် ယခုဇွန်လ ဒုတိယပတ် ဖြစ်ပေါ်နေသော ဟင်းသီး၊ ဟင်းရွက် သီးနှံဈေးနှုန်းများမှာ သခွားသီးတစ်လုံးလျင် (၄၀)ကျပ်၊ ခရမ်းကျွတ်သီးတစ်လုံးလျှင် (၁၅)ကျပ်၊ ပဲတောင့်ရှည်သီး တစ်တောင့်လျှင် (၁၇)ကျပ်၊ ပြောင်းဖူးတစ်ဖူးလျှင် (၄၀၀)ကျပ်၊ ခဝဲသီးအရှည်တစ်တောင့်လျှင် (၄၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး (အသေး) တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှုန်း ဖြင့်ဝယ်ယူ၍ ရန်ကုန်ဒညင်းကုန်းဈေးကြီးသို့ ပြန်လည်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)