Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းကျဆင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ဥအကြီး၊ အသေးအလိုက် ကျပ်(၁၅၀၀-၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မေလ(တတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၂၀၀၀-၂၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀)ဈေးနှုန်းကျဆင်း၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်ဒေသတွင်း ကျေးရွာများရှိ ကြက်သွန်နီစိုက်ခင်း တချို့၌ ကြက်သွန်နီသစ်များထွက်ရှိလျက်ရှိပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူမှုမရှိသေးသောကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)