Main menu

လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်းရောင်းချလျှက်ရှိသော ကြက်သွန်နီလက်လီဈေးနှုန်းများမှာ ဇွန်လပထမပတ်မှဇွန်လတတိယပတ်ထိ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၀၀၀/ ကျပ်၊အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန်(၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၈၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၆၀၀/ ကြက်သွန်နီအသေး လက်ကားဈေးနှုန်းတစ်ပိဿာလျှင်၁၃၀၀/ ကျပ်ဈေးနှုန်းဖြင့် အသီးသီးရောင်းချခဲ့ပါသည်။ ယခင်နှစ် ကြက်သွန်နီ ဈေးနှုန်းများသည် ဧပြီလ နောက်ဆုံး ပတ်လောက်တွင် ကြက်သွန်နီဈေးများ တရိပ်ရိပ်တက်နေပြီး ယခုနှစ်တွင် ကြက်သွန်နီ ဈေးနှုန်းများ သည် ဇွန်လ တတိယပတ်အထိ ဈေးနှုန်းများတက်သွားခြင်းမရှိ ဈေးငြိမ်နေကြောင်း ကြက်သွန်နီဈေး ရောင်းချ သူ တစ်ဦးထံမှ သိရှိရပါသည်။

           အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဇွန်လ ပထမပတ်တွင်  ၄၀၀၀/ ကျပ်မှ ၄၅၀၀/ ကျပ်ဈေးရှိခဲ့သော်လည်းယခု ဇွန်လ တတိယပတ်တွင်  လည်းအာလူး ဈေးနှုန်းများမှာ ၅၀၀၀/ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)