Main menu

ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှ ဦးဆောင်၍ (၁၉.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ တိုက်ကျောင်းဈေးရှေ့တွင် အခြေခံစားသောက်ကုန်  ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဟင်္သာတမြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍  ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများ ရောင်းချပေးခဲ့ ကြောင်းသိရသည်။

         ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၃၀/- ကျပ်ဖြင့် အလုံးရေ ၁၀၀၀ ကို လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၁၀)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို  ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက် ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

EYDNS(DOCA ဧရာဝတီ)