
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ သော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိ သည်။ ခေါက်ဆွဲကို ဂျုံသီးနှံကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင်နှစ်များစွာကတည်းက စားသုံးမှုများကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် ခေါက်ဆွဲသားအကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ ရွှေဒင်္ဂါး အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၅၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ရွှေပုဇွန် မုန့်ဖတ်အထုပ်သေး(၅၀)ပါတစ်ထုတ်လျှင် ကျပ်(၇၅၀၀၀)၊ ရွှေပုဇွန် မုန့်ဖတ်အကြေတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဒုံးပျံခေါက်ဆွဲ အထုပ်သေး(၂၀)ပါတစ်အိတ်လျှင် ကျပ်(၆၀၀၀၀)၊ ဒုံးပျံခေါက်ဆွဲ စက်ကျအကြေ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း၊ ယခင်ဇွန်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကုန်ကြမ်းဂျုံသီးနှံ ဈေးနှုန်းကျဆင်းခြင်းမရှိ၍ ခေါက်ဆွဲခြောက် ဈေးနှုန်းများလည်း ကျဆင်းခြင်းမရှိကြောင်း၊ ယခုအချိန် စာသင်ကျောင်းများဖွင့်လှစ်ချိန်ဖြစ်၍ ကျောင်းဈေးတန်းများတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ်သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့်မှာယူပြီး ဝယ်ယူမှုများလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း ခေါက်ဆွဲခြောက်ပိဿာချိန်(၁၅၀-၂၀၀)ခန့် ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)