
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပါသည်။ ပန်းစိုက်ပျိုးရောင်းချသူများအနေဖြင့် မြို့ပေါ်ရှိပန်းရောင်းချသူများထံသို့ ကား၊ ဆိုင်ကယ်များဖြင့် တင်ပို့ကြပြီး ပန်းဈေးကောင်းရလျက်ရှိကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်အတွင်း ဂန္ဓမာပန်းဈေးကောင်းလျက်ရှိပြီး (၁၀)ပွင့် တစ်စည်းလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)