Main menu

ကြက်ဟင်းခါးသီး စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ခေါင်းကွဲနှင့်သင်္ဘောတင်ကျေးရွာများတွင် ဥယျာဉ်ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်ဟင်းခါးသီးများကိုလည်း တစ်နိုင်တပိုင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟူ၍ (၃)မျိုးရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးသည် ပူနွေးစိုစွတ်သော ရာသီဥတု ကို နှစ်သက်ပြီး မေလနှင့်ဇွန်လများတွင် စိုက်ပျိုးလေ့ရှိကြောင်း၊ ဘောင်ဖော်၍ စင်ထိုးစိုက်ပျိုးကာ စိုက်ပျိုးပြီး အပင်သက်(၂-၃)လကြာလျှင် အသီးများဆွတ်ခူးနိုင်၍ မိုးရာသီစိုက်ကြက်ဟင်းခါးပင်သည် ရေသွင်းပေးရန် မလိုအပ်ကြောင်း၊ ကြက်ဟင်းခါးပင်များအသီးအထွက်ကောင်းစေရန် ပန်း စပွင့်ချိန်တွင် အညွန့်များကို ဖြတ်ပေးသင့်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၆)လခန့် ကြာမြင့်ကြောင်း သိရှိရသည်။ မြင်းခြံဒေသရှိ တောင်သူများသည် အလုံးမျိုးကို စိုက်ပျိုးကြကြောင်း၊ အလုံးမျိုးမှာ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်၍ လေးသော အရသာရှိပြီး အထွက်နှုန်းကောင်းသောကြောင့် တောင်သူများသည် ယင်းမျိုးကိုပိုမိုနှစ်သက်ကြောင်း သိရှိရသည်။ ကြက်ဟင်း ခါးအလုံးမျိုးကို အစေ့မှ တိုက်ရိုက်စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ကျင်းတွင် တစ်ပင် နှင့်တစ်ပင် (၂)ပေခွာပြီး မျိုးစေ့တစ်ကျင်းလျှင်(၃-၄)စေ့ချပြီးစိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးစရိတ်၊ သွင်းအားစု၊လုပ်သားခ စုစုပေါင်း(၆၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ဒေသတွင်းကုန်သည်များက ကျေးရွာရှိ စိုက်ခင်းများသို့ လာရောက်ဝယ်ယူခြင်းများ လည်းရှိသကဲ့သို့ တောင်သူများကိုယ်တိုင် မြို့ပေါ်ပွဲရုံနှင့်ဈေးများသို့လည်း တိုက်ရိုက်ရောင်း ချခြင်းများလည်းရှိကြောင်း သိရှိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၅၀)ပိဿာခန့် ထွက်ရှိ ကြောင်း၊ စိုက်ခင်းရောင်းဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၇၅၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ကြက်ဟင်းခါးသီးများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အကျိုးအမြတ်များရရှိနေကြောင်းသိရှိရသည်။

DOCA(မန္တလေး)